။ စိတ်ဓါတ်အရင့်အသန်ဖြင့် ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။~~~~~~~~~~~~~~~~~~~~~~~~~~။ လူဆိုတာ မြတ်နိုးခြင်းခံရမှုအတွက် မဖြစ်စေချင်ပါနှင့်။။ စော်ကားခြင်းခံရမှုအတွက်လည်း မဖြစ်စေပါနှင့်။။ အပြစ်မမြင်၊ရန်မဆင်ဘဲ နေတတ်ရမယ်။။ ဘယ်အရာမဆို တုံ့ပြန်မပြု ခွင့်လွှတ်နိုင်ရမယ်။။ သည်းခံခြင်းကို အလေးဂရုပြုရမယ်။။ သက်ရောက်အားနှင့်တုံ့ပြန်အား သတိထားပါ။။ ဓမ္မနည်းလမ်းကို နှလုံးသွင်းပါ။။ အစွန်းရောက်အကျင့်စရိုက်ကို ရှောင်ရှားပါ။။ စိတ်အလိုလိုက်မှု သတိကြီးစွာထားပါ။။ စိတ်အလိုဆန္ဒဆန့်ကျင်မှု နားလည်ပါစေ။။ စိတ်ဓါတ်အရင့်အသန်ဖြင့် ဘဝကိုတည်ဆောက်ပါစေ။ တောင်ကလေးဆရာတော်(၂.၇.၂၀၂၀) ရက်နေ့နံနက်။